ရွှေ နှင့် ဒေါ်လာဈေးများ အဆမတန်ြမင့်တက်အောင်ပြုလုပ်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူများစာရင်းတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးမှ ၇ဦးထိပါဝင်နေပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာရွှေဈေး တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းငါးသောင်းခန့် နှင့် အမေရိကန်ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ၁၆၄၀ ကျပ် အထိ အဆမတန်မြင့်တက်ပြီး ရွှေ နှင့် ဒေါ်လာ ဈေးကွက်အတွင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ချို့မှ ဝင်ရောက်ဈေးကစားမှုများ ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရမှတာဝန်ပေးအပ်မှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ရွှေ နှင့် ဒေါ်လာ ဈေးကွက်အတွင်းရှိ လုပ်ငန်းလုပ်ကိုင်သူများအား ခေါ်ယူမေးမြန်းခဲ့ရာ အထက်ပါ ဈေးကစားမှုတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးမှ ၇ဦးထိပါဝင်နေကြောင်းသိရှိခဲ့ရပါသည်။
အထူးစုံစမ်းစစ်ဆေးရေးဌာနမှ စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေ နှင့် ဒေါ်လာ ဈေးကွက်အတွင်းရှိ ဈေးကစားသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့ပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရပါသည်။
” သမ္မတ ဦးသိန်းစိန်လက်ထက်တုန်းက ရွှေဈေးတည်ငြိမ်ဖို့ နှင့် လုပ်ငန်းလည်ပတ်မှု မြန်ဆန်အောင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကို တရားဝင်ခွင့်ပြုပေးခဲ့တာလေ။ အခုတော့ ဝိသမလောဘသားတစ်စုက ရာထူးယူပြီး ထင်ရာလုပ်ကြတာပေါ့ဗျာ။ ” ဟုအမည်မဖေါ်လိုသူ ရွှေဝယ်ရောင်းတစ်ဦးက ပြောပြပါသည်။
၎င်းမှ ဆက်လက်၍ “ဖမ်းထားတာတော့
၁။ ညီညီဦး (ခ) ချက်ကြီး (ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
၂။ ကျော်ငြိမ်း ( ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်း)
၃။ မောင်အေး ( ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် ဆုမွန်အေးရွှေဆိုင်)
လို့တော့ကြားတယ်ဗျ။ အတိအကျတော့ မသိဘူးလေ။ ” ဟုပြောကြားခဲ့ပါသည်။
လက်ငင်းရွှေထိငွေထိလုပ်ကိုင်လျက်ရှိသော ရွှေပွဲစားတစ်ဦးမှလည်း ” အရေးမယူခင်တစ်ပတ်အလိုလောက်က ဦးဘသန်း (ဘသန်းရွှေသန့်စင်လုပ်ငန်း) က ဈေးကစားတာ ရပ်ကြဖို့နှင့် အသင်း၏ တရားဝင်တည်ရှိမှုကို ထိခိုက်နိုင်ကြောင်း ပြောတာကို ညီညီဦး (ခ) ချက်ကြီး တို့အဖွဲ့ကလက်မခံဖူးလေ။ ညီညီဦး (ခ) ချက်ကြီး ဆို ရွှေဘုံသာလမ်းက MAB ဘဏ်မှာ ညနေ ၅ နာရီလောက်ထိ ငွေအသွင်းအထုတ် လုပ်တာ။ ”
ဟုပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်တစ်ဦးကတော့ ” ညီညီဦး (ခ) ချက်ကြီး ဆို အရင်ကလည်း ဒေါ်လာဈေးကစားလို့ ထောင်ကျဖူးတာပဲ။ ပြန်လွတ်တော့ ပြန်လုပ်တာပဲ။ ငွေရှိတော့ ဘယ်သူဘာပြောရဲမှာလဲ။ အသင်းရုံးမှာ သူထိုင်ဖို့နေရာတောင် သီးသန့်ဖယ်ပေးထားရတာ” ပာုဆိုပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းသား အများစုကတော့ ရွှေဈေးတည်ငြိမ်မှု ရှိရန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် လိုလားလျက်ရှိနေကြပြီဖြစ်သည်။
Credit

No comments