ဘလော့နဲ့ ပါတ်သက်သမျှ
ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ
• Posts
• Setting
•Layouts
စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။
Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိန်းချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့်
သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို
ဖန်တီးယူသော အပိုင်းဖြစ်သည်။
(၁) Posting (စတင်ခြင်း)
ိdashboard မှာမြင်နေဖြစ်ပါတဲ့ Post ဆိုတာလေးကို နှိပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ
စာရိုက်တဲ့နေရာကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ Posting ခေါင်းစဉ်အောက်က
creat, Edit Post, Moderate Commant စသည်ဖြင့် ရှိနေပါတယ်။
Creat က ပို့စ်အသစ်တွေကို ဖန်တီးရေးသားတာ
Edit Post က ပို့စ်တွေကို ပြန်ပြင်တာ
Moderate Commant က သူများ ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းချုပ်ထားတာပါ။
ဒီပုံမှာ ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော
အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင်
ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက်
ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။
ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင်
မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels
ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။
ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel
လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏
ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။
ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော လေဘယ်များကို
သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊
Text Alignment များပြုလုပ်လိုလျှင်လည်း Text Editor တွင် လွယ်ကူစွာ
ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို အင်တာနက်ပေါ်သို့ ချက်ချင်း
မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့်
သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက်
တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ်
တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ
တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို
မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို
မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။ ဆက်လက်တင်ပြပါမည်။
ယင်းမာပင်သားလေး

No comments