Defreeze Standard
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ဒီတစ်ခါ ကျနော် တင်ပေးချင် တာလေး ကတော့ ကွန်ပျူတာ သမားတွေ အတွက် အသုံးဝင် စေမယ့်
နည်းလမ်းလေး တစ်ခုကို တင်ပေး လိုက်ပါတယ်။ ကွန်ပျူတာ သမား အားလုံး အတွက်တော့ မဟုတ်
ပါဘူး သင်တန်း ဖွင့်ထားတဲ့ သူတွေ ပြီးတော့ သူ့ရဲ့ အသုံး ၀င်ပုံတွေကို ကြည့်ပြီး ကိုယ့် အတွက် အ
သုံး ၀င်မယ် ဆိုရင်တော့ ကျနော် ကျေနပ်ပါတယ်...Deep Freeze ကို အသုံးပြုပြီး ကွန်ပျူတာက data
တွေကို မပျောက် ပျက်အောင် ထိန်းသိမ်းတဲ့ နည်းပါ...
Deep Freeze က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူအလုပ် လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့
ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကိုသာမက Data File
တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ်လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံး
ကို မူလအခြေ အနေပြန်ရောက် သွားစေပါတယ်။ ဆိုလိုတာက စက်တလုံးမှာ ရှိနေတဲ့ ဆော့ဝဲအချို့
ကိုဖျက်ပစ်မယ် ... ဖိုင်အချို့ကိုဖျက်ပစ်မယ် ... အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ်ပြန်ဖွင့်တဲ့ အခါ
ပြန်ရှိနေမှာဖြစ်ပါတယ်။
ဖိုင်အဟောင်း ဖျက်ပစ် တာတွေ ပြန်ပေါ် လာသလို ဖိုင်အသစ် ထပ်ပြီး သိမ်းထား တာမျိုးကိုလည်း
ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေ အားလုံး ရီစတတ် လုပ်အပြီးမှာ ပျောက်သွား ပါ
လိမ့်မယ်။ အသစ် ၀င်ရောက် လာတဲ့ ဗိုင်းရပ်စ်တို့ အပါ အ၀င်ပေါ့လေ။ အားလုံးပျောက်သွားပါမယ်။
ဆိုတော့ကာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် စက်ထဲ ရှိနေပြီးသား ဖိုင်တွေကို ဖျက်ပစ်တာတွေ၊ ပြင်ဆင်
တာတွေ လုပ်လို့ မရပါ။ ဖိုင် အသစ်တွေ ထပ်ထည့် တာမျိုး လုပ်ခွင့် မရှိပါ။ တကယ် လို့များ ဖိုင်အ
သစ်တခု ကိုယ်လိုအပ်တယ် ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှ အဆင်ပြေပါမယ်။
ရွေးချယ်ခွင့် တခုတော့ ရှိပါတယ်။ မိတ်ဆွေရဲ့ စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင်
ဝင်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive C ကိုဘဲ ထိန်းချုပ် ထားနိုင် ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြား
ဒရိုက်တွေမှာ ကတော့ ပြုပြင်ပြောင်း လဲခွင့်တွေ ရပါလိမ့်မယ်။
ကျနော် ကတော့ ဒီဆော့ဝဲကို ကျနော့် ကွန်ပြူတာ သင်တန်းခန်း၊ အင်တာနက် ခန်းမှာ သုံးပါတယ်။
အင်တာနက် ခန်းမှာရှိတဲ့ ကွန်ပြူတာ တွေက တနေကုန် အင်တာနက် တက်တယ်။ အီးမေးလ်တွေ
သုံးနေတယ် ဆိုတော့ကာ မလို အပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်း ၀င်ရောက်လာတတ်ပါတယ်။
အဲဒါတွေကို ခဏခဏပြန်ပြန် ရှင်းနေ ရတာ အလုပ် တခုဖြစ်နေပြီး အချိန် သိပ်ကုန် ပါတယ်။ အခု
Deep Freeze ကို စက်တိုင်းမှာ ထည့် ထားတော့ အိုကေဘဲ။ ဘာမှ လုပ်စရာ မလိုတော့ဘူး။ တခုခု
ဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက် တိုက်ခိုက်တာ ခံရရင်) ရီစတတ် လုပ်လိုက်ရုံနဲ့ အားလုံး အိုကေ။
Deep Freeze ထည့်သွင်းခြင်း
Deep Freeze က MB 30 ကျော်ဘဲ ရှိပါတယ်။ Deep Freeze ထည့်သွင်း ရာမှာ
install Administrator
create Workstation
install Workstation
ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။
install Administrator
- Program EXE ကိုဖွင့်လိုက်ပြီး တဆင့်တဆင့်ဆက်သွားလိုက်ရင် Deep Freeze
Adminstrator install လုပ်ပါလိမ့်မယ်။ - အင်စတောလုပ်တုန်းမှာ ပတ်စ်ဝါဒ်မေးတာရှိပါတယ်။ တခုခုထည့်ပေးပါ။ အဲဒါကို
မှတ်ထားပါ။
create Workstation
- Start > All Programs > Faronics > Deep Freeze Enterprise > Deep Freeze
Administrator ကို ဖွင့်ပါ။ - Confi guration tab ကိုရွေးပါ။
- မြားပြထားတဲ့နေရာကို check လုပ်ပါ။
- Password ထည့်ပေးပါ။ (ဒီ ပတ်စ်ဝါဒ်က အရေးကြီးပါတယ်။ မေ့မသွားပါစေနဲ့။)

အချို့သူတွေ အနေနဲ့ Deep Freeze ကို သုံးရာမှာ Drive C တခုတည်း ကိုသာ ထိန်းချုပ် ထားချင်
တယ်ဆိုရင်လည်း အဆင်ပြေ ပါတယ်။ အဲလို Drive C ကိုဘဲ ထိန်းချုပ် ထားမယ်ဆိုရင် အခြား
Drive တွေမှာ ဖိုင်တွေ သိမ်း တာတွေ၊ ဖျက် တာတွေ၊ ပြုပြင် ပြောင်းလဲ တာမျိုးတွေ လုပ်ဆောင်
ခွင့်ရ ပါမယ်။
- မြားပြထားတဲ့ နေရာက Driver ကိုဖွင့်ပါ။
- အောက်က check box တွေမှာ C ကလွဲလို့ ကျန်တာ အားလုံးကို uncheck လုပ်လိုက်
ရင် ok သွားပါမယ်။ - Create Programs tab ကိုဖွင့်ပါ။
- မြားပြထားတဲ့ ၀က်ဝံ ပုံကို ကလစ်ပါ။ (Workstation create လုပ်ပါမယ်။)
- Save လုပ်ပါ။

install Workstation
- C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်
ဒါရောက် အောင် အဆင့်ဆင့် ဖွင့်သွားပါ။ - အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
- နောက်ထပ်တွေကိုတော့ Install, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
- နောက်ဆုံးမှာ စက်က သူ့ဘာသာ သူ restart လုပ်ပါ လိမ့်မယ်။
- စက်ပြန် ပွင့်လာပြီး ရင်တော့ မိတ်ဆွေရဲ့ စက်မှာ DF အလုပ် လုပ်နေပါပြီ။
- Start bar ညာဘက် အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ပေါ်နေပါမယ်။
- ခုချိန်က စပြီး မိတ်ဆွေရဲ့ စက်မှာ ဘာကိုမှ ပြုပြင် ပြောင်းလဲခွင့် ရတော့မှာ မဟုတ်ပါဘူး။
- တခုခု အပြောင်း အလဲ လုပ်ချင်တယ် ဆိုရင် Deep Freeze ကို ပိတ်ထားပေး ရပါမယ်။
ဘယ်လိုပိတ်မလဲ ကြည့်ရအောင် ... ။
disbale Deep Freeze
- Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။
- ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။
- OK လုပ်ပါ။
- နောက်ထပ် box မှာ Boot Thawed ကို ရွေးပြီး OK လုပ်ပါ။
- Restart လုပ်ပါ။
- စက်ပြန်ပွင့်လာတဲ့ အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ် ထားတာတွေ့ရ ပါမယ်။
- ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲ တာတွေ လုပ်နိုင် ပါပြီ။
OTP Token
ကိုယ်ပေးထားတဲ့ ပတ်စ်ဝါဒ်ကို ခဏခဏ မေ့တတ်သူတွေ အတွက် one time password ကို
လည်း သိထားဖို့ လိုပါမယ်။ password မေ့သွားရင် မြားပြ ထားတဲ့ နေရာက နံပါတ်ကို မှတ်
ထားပါ။ (အခု ပုံမှာတော့ 0036A300 လို့ပြပါတယ်။ စက်တလုံးနဲ့ တလုံး တူမှာ မဟုတ်ပါ။)
- Deep Freeze Administrator ကို ပြန်ဖွင့်ပါ။ One Time Passwords tab ကိုရွေးပါ။
- Token နေရာမှာ စောစောက နံပါတ်ကို ထည့်။ Generate ကို ကလစ်။
- ၀ိုင်းပြထားတဲ့ နေရာမှာ ပေါ်လာတဲ့ နံပါတ်ကို သုံးပြီး Deep Feeze ကို Boot Thawed
လုပ်ပေး နိုင်ပါပြီ။


Uninstall
- Deep Freeze ကို Boot Thawed လုပ်ပေးပြီး ၀က်ဝံပုံမှာ ကြက်ခြေခတ် ဖြစ်နေမှ Deep Freeze ကို
Uninstall လုပ်လို့ ရပါမယ်။ - Boot Thawed လုပ်ပြီးရင် အောက်က အဆင့်တွေကို ဆက်လုပ်ပေးပါ။
- C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါ ရောက်
အောင် အဆင့်ဆင့် ဖွင့်သွားပါ။ - အဲဒီ ဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
- နောက်ထပ်တွေ ကိုတော့ Uninstall, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
- နောက်ဆုံးမှာ စက်က သူ့ဘာသာ သူ restart လုပ် ပါလိမ့်မယ်။ စက်ပြန် ပွင့်လာပြီး ရင်တော့ မိတ်
ဆွေရဲ့ စက်မှာ DF အလုပ် မလုပ်တော့ ပါဘူး။ - Start bar ညာဘက် အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ရှိမှာမဟုတ်တော့ပါဘူး
- Credit>> ဆိုင်မွန်စာကြည့်တိုက်
- link 1= ဒီမှာဒေါင်းပါ
- link 2=ဒီမာဒေါင်းပါ
No comments