Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်

ပထမဆုံးလုပ်ကမှာကသူငယ်ချင်းတို့ဖုန်းSetting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
 ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။
ပြီးတာနဲ့
Setting
-> Display
->Font Style
->Zawgyi  one TTF ကိုရွေးပေးလိုက်ပါ
-> Font မှာ Zawgyi-One ကိုရွေးပေးပါ။


Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ FrozenKeyboard ကို သဘောကျပါတယ် ။
သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။

 Setting
-> Locate and text
အဲမှာ အောက်နားမှာ Frozenkeyboard ကိုအမှန်ခြစ်ပေးပါ
 Slect input method ကိုကလစ်
Frozenkeyboard  ကိုထားပေးလိုက်ပါ
Myandroid Soft Keyboard  နဲ့ဆိုရင်တော့
-> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။ အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ
Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာကီးဘုတ် ကိုရွေးပေးပါ ။
Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။  

 မှတ်ချက်= Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း
ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။
မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။
အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ်  
 


No comments