မန်ယူက ၃-၁ ဂိုးဖြင့်အနိုင် ယူပြီး ပရီးမီးယားလိဂ်အမှတ် ပေးဇယား နံပါတ် (၅) နေရာသို့ ရောက်ရှိလာ

လန်ဒန် - မစ်ဒယ်ဘရော့အိမ်ကွင်း  တွင်
မန်ယူက ၃-၁ ဂိုးဖြင့်အနိုင် ယူပြီး ပရီးမီးယားလိဂ်အမှတ် ပေးဇယား နံပါတ် (၅) နေရာသို့ ရောက်ရှိလာသည်။
ယင်းနိုင်ပွဲသည် မန်ယူ၏ ပွဲ ၆၀၀ မြောက်နိုင်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ပထမဆုံးနိုင်ပွဲ ၆၀၀ ပြည့်အသင်းဖြစ်လာသည်။
ပေါ့ပ်ဘာ၊ အီဗရာဟီမိုဗစ် နှင့် ဟာရဲရားတို့မပါဝင်နိုင်ပါက မန်ယူ၏ အခြေအနေမည်သို့ ဖြစ် လာနိုင်မည်လဲဟု မေးခွန်းထုတ် နေသူများကို ဖယ်လိုင်နီ၊ လင်း ဂတ်နှင့် ဗလင်စီယာတို့က ဂိုးများ အသီးသီးသွင်းယူပြီး နှုတ်ဆိတ် စေခဲ့သည်။
ယခုပွဲတွင် မိမိတို့၏ ပုံမှန် ကစားသမားများမဟုတ်သော အ သင်းသားများနှင့် ရင်ဆိုင်ခဲ့သော် လည်း အကောင်းဆုံးကစားနိုင်ခဲ့ သည်ဟု မော်ရင်ဟိုက ပွဲအပြီး တွင် ပြောကြားသည်။
နှစ်ဖက် ကစားသမားများ သည် ပွဲအပြီး ဥမင်လမ်းတွင် မိုက်ကယ်ကာရစ်ပါဝင်သော ပဋိ ပက္ခတစ်ခု ဖြစ်ပွားခဲ့သည်ဟု သ တင်းထွက်နေပြီး စုံစမ်းဆဲဖြစ် သည်။
မန်ယူနည်းပြမော်ရင်ဟိုက ၎င်း၏အသင်းသားများအပြင် မစ် ဒယ်ဘရော့ဂိုးသမား ဗောဒက်စ် ကို ချီးကျူးပြီး မိမိတို့ဒုတိယ ဂိုး မရမီ ဗောဒက်စ်သည် လှပသော ဂိုးပေါက်ကယ်တင်မှု သုံးကြိမ်ပြု လုပ်ခဲ့သည်ဟုပြောသည်။
ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀ တွင် တစ်ဂိုးမျှမသွင်းနိုင်ခဲ့သော အခြေအနေကို အဆုံးသတ်နိုင်ခဲ့ သည့် ဖယ်လိုင်နီက မစ်ဒယ်ဘ ရော့ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့၍ အလွန်ဝမ်းမြောက်မိပြီး ဂိုးဖန် တီးခဲ့သော အက်ရှ်လေယန်း၏ အမြင့်ဘောသည် တိကျလှပ သည်ဟု ချီးကျူးပြောကြားသည်။
ယခုနိုင်ပွဲကြောင့် မန်ယူအ တွက် ထိပ်ဆုံးလေးသင်းဝင်ရေး မျှော်လင့်ချက် လမ်းပွင့်ခဲ့သည်ဟု မော်ရင်ဟိုကပြောသည်။
Ref;Mirror

No comments