YBS ရဲ့ ပထမဦးဆုံး အမျိုးသမီး ယာဉ်မောင်း

YBS ရဲ့ ပထမဦးဆုံး အမျိုးသမီး ယာဉ်မောင်း




ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်  YBS မှာ ပထမဦးဆုံး အမျိုးသမီး ယာဉ်မောင်း တယောက်ကို  တွေ့ရပါတယ်။

လှိုင်သာယာ အနောက်ပိုင်း တက္ကသိုလ် ကနေ သခင်မြ ပန်းခြံအထိ ခရီရှည် ပြေးဆွဲနေတဲ့ YBS အမှတ် ၂၁ ယာဉ်လိုင်းက ဘတ်စ်ကား တစီးကို  ခ လိုင်စင် ရရှိ ကိုင်ဆောင်ထားသူ အသက် ၃၀ နှစ်အရွယ် မမြတ်ရည်မွန်က တာဝန်ယူ မောင်းနှင်လျက်ရှိပါတယ်။

“မမြတ်ရည်မွန် က ဘတ်စ်ကားနဲ့ စိမ်းတဲ့သူ မဟုတ်ပါဘူး၊ အရင်က ကျနော်တို့လိုင်းမှာ ယာဉ်နောက်လိုက် လုပ်ဖူးတယ်၊ သူ့ကို ကားမောင်းသင်ပေး၊ လိုင်စင်လျှောက်ပေးပြီး ကျောင်း ဖယ်ရီကားမောင်းခိုင်းထားတာ အခု ကျွမ်းကျင်လာလို့ ဘတ်စ်ကားကြီး လိုင်းထဲ ၀င်ဆွဲစေခဲ့တာပါ” လို့ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောပါတယ်။

Credit>>#ဘီဘီစီမြန်မာပိုင်း

No comments