Dab Dance ဆိုတာ

♥ ♥

Dab Dance ဆိုတာ ဘာလဲ …
===========================
Dab Dance ဆိုတာ 2015 လောက်မှာ
အမေရိကန် ဂျော်ဂျီယာပြည်နယ်က Atlanta သား
Hip-Hop သမားတွေ စပြီး က, ခဲ့တဲ့ အကဟန
အမူအရာတစ်ခုပါ။
အဲဒီ အကရဲ့ အဓိပ္ပါယ်ကို
အောင်မြင်မှုဆီသို့၊ နှာချေဟန်၊ ဆေးခြောက်ရှူလို့
ကောင်းသွားတဲ့ အမူအရာ စသည်ဖြင့်
အမျိုးမျိုး ယူဆကြပါတယ်။
တကယ်တော့ Dab နဲ့ အောင်မြင်မှု ဘာမှ မဆိုင်ပါဘူး။
dab ရဲ့ မူရင်း အဓိပ္ပါယ်က တို့တာ၊ သုတ်တာမျိုးပါ။
Dab အက ကို စ ကခဲ့သူက အမေရိကန် Rapper
Rich the Kid ဆိုတဲ့ လူမည်း Roger ဖြစ်ပါတယ်။
သူ Stage ပေါ်မှာ က နေတုန်း သီချင်းကို
ဘယ်လို အကနဲ့အဆုံးသတ်ရမယ်မသိ ဖြစ်နေချိန်မှာ ရုတ်တရက်
ငယ်စဉ်က သူ့ကို စွန့်ပစ်ခဲ့တဲ့ ဖခင်ဖြစ်သူကို သတိရသွားပါတယ်။
အဲဒီမှာ ဝမ်းနည်းတဲ့အနေနဲ့ မျက်ရည်သုတ်တဲ့ အမူအရာ
လက်ဖျံကို မျက်နှာရှေ့ ကာလိုက်ပါတယ်။
အကဟန် ဖြစ်အောင်
အခြားလက်တစ်ဖက်ကို မျဉ်းပြိုင်ပုံ ဆန့်တန်းလိုက်ပြီး
ကကွက်ကို အဆုံးသတ်လိုက်ပါတယ်။
ပရိတ်သတ်တွေအတွက် ထူးခြားတဲ့ ကကွက် ဖြစ်ပြီး
အမြင်ဆန်းကာ စိတ်ဝင်စားစရာ ဖြစ်နေတာကြောင့်
Roger ကို တွေ့ဆုံမေးမြန်းတဲ့အခါ အဲဒီကဟန်ဟာ
ဘာကို ရည်ညွှန်းပါသလဲ လို့မေးခဲ့တယ်။ Roger က
ဖခင်ကို သတိရလို့ ဝမ်းနည်းသွားတဲ့ အကပါ
(the Dance of Sadness) လို့ ဖြေခဲ့တယ်။
နောက်ပိုင်းမှာ သူ့ရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ အကကို
ပရိတ်သတ်တွေ စိတ်ဝင်တစား စာနာခဲ့ကြပြီး
သူပါဝင်တဲ့ ပွဲတွေမှာ Sad Dance အမူအရာနဲ့
ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီအက ဟာလည်း
Sad Dance ကနေ Dab ဆိုတဲ့ အမည်သစ်နဲ့
ပြောင်းလဲ သုံးစွဲခံခဲ့ရပါတယ်။ Roger ဟာ ဖခင်ကို
နာကြည်းမုန်းတီးနေသူ ဖြစ်တာကြောင့်
နားလည်တဲ့အနေနဲ့ Dad လို့ တိုက်ရိုက် မသုံးနှုန်းဘဲ
Dab လို့ လှီးလွှဲသမုတ်ကာ ဖခင်အပေါ် စိတ်ပြေစေဖို့
ရည်ရွယ်ခဲ့ကြတယ် လို့ ဆိုပါတယ်။
2015 Nov မှာ စတင် လူသိများလာတဲ့ Dab ဟာ
တစ်နှစ်အကြာ 2016 Nov မှာတော့ You Tube မှာ ကြည့်ရှုသူအကြိမ် ၂ သန်းကျော်သွားတဲ့အထိ အောင်မြင်လာခဲ့ပြီးယခုအခါ မြန်မာနိုင်ငံမှာလည်း ခေတ်စားနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် Dab dance ကို လွဲမှားတဲ့
အဓိပ္ပါယ်တွေနဲ့ အောင်မြင်မှုဆီသို့ ဆိုပြီး တပျော်တပါး
က နေကြတာကို တွေ့နေရပါတယ်။
အဲဒီအကကို သေချာကြည့်ပါ။
လက်တစ်ဘက်က မျက်ရည်သုတ်နေပြီး တစ်ဘက်က
လူအများကို ရည်ရွယ်တဲ့ဟန် ဖြစ်ပါတယ်။ အောင်မြင်မှု
ဆိုလို့ရှိရင် ခေါင်းငုံ့ မျက်ရည်သုတ်နေစရာ မလိုပါဘူး။
ဆေးခြောက်ရှူတာ၊ နှာချေတာ ဆိုတဲ့အဓိပ္ပါယ်တွေတော့
မလုပ်ဖူး မသုံးဖူးလို့ သေချာမသိပေမယ့် google မှာ
ရှာရင် အဲဒီအဓိပ္ပါယ် လို့ ရှင်းထားတာလည်း ရှိပါတယ်။
အမှန်တော့ Dab ဆိုတာ မျက်ရည်ကို တို့သုတ်လိုက်တဲ့
အမူအရာ အဓိပ္ပါယ် ဖြစ်ပါတယ်။
ဖတ်မိသလောက် မျှဝေခြင်းပါ။
Credit to original upload.







  • Download လုပ်နည်းမသိလျှင်အောက်မှာဖတ်ပါ၊၊

    1. အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
    2. ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
    3.  ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
                                                            DOWNLOAD

    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    pauksa003@gmail.com (Gtalk) 
    အားလုံးပဲအဆင်ပြေပါစေ။
    WWW.MINNTHARLAYIT.ORG
    (ယင်းမာပင်သားလေး နည်းပညာ) 

    No comments