ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ အေမရိကန္ႏိုင္ငံ International Association of Political Consultants (IAPC) ဥကၠဌေဟာင္းအား လက္ခံေတြ႕ဆံု

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္  အေမရိကန္ႏိုင္ငံ International Association of Political Consultants (IAPC) ဥကၠဌေဟာင္းအား လက္ခံေတြ႕ဆံု
-----------------------------------------------------------------------------
ေနျပည္ေတာ္ မတ္ ၈

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ ႀကီး ေဒၚေအာင္ဆန္းစုၾကည္သည္ အေမရိကန္ႏိုင္ငံ International  Association of Political Consultants (IAPC)၏ ဥကၠဌေဟာင္းႏွင့္ RBI Strategies and Research Inc.၏ ဥကၠဌ ျဖစ္သူ Mr.Rick Ridder အား ယေန႔မြန္းလြဲ ၃ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၌ လက္ခံေတြ႕ဆံုသည္။

 ေတြ႕ဆံုစဥ္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အား IAPC မွ ၁၉၉၅ခုႏွစ္က ခ်ီးျမႇင့္ ခဲ့သည့္ ဒီမိုကေရစီဆုတံဆိပ္အား IAPC အဖြဲ႕အစည္းကိုယ္စား Mr.Rick Ridder မွ ေပးအပ္သည္။

 IAPC အဖြဲ႕အစည္းအား ၁၉၆၈ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး ကမၻာေပၚတြင္ ဒီမိုကေရစီစနစ္ထြန္းကားေရးအတြက္ ဦးတည္ေဆာင္ရြက္ေနသည့္အဖြဲ႕အစည္း ျဖစ္သည္။ ဒီမိုကေရစီထြန္းကားေရး အတြက္ ကိုယ္က်ိဳးစြန္႔အနစ္နာခံေဆာင္ရြက္ခဲ့ သည့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားအား ၁၉၈၂ ခုႏွစ္မွ စတင္၍ ဒီမိုကေရစီဆုတံဆိပ္ကို ခ်ီးျမွင့္ခဲ့ရာ ပိုလန္ႏိုင္ငံမွ Mr.Lech Walesa၊ ေတာင္အာဖရိကႏိုင္ငံမွ Mr.Nelson Mandela ကဲ့သို႔ ပုဂၢိဳလ္မ်ားအား ခ်ီးျမႇင့္ခဲ့ေၾကာင္းသိရသည္။

[Unicode]
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  အမေရိကန်နိုင်ငံ International Association of Political Consultants (IAPC) ဥက္ကဌဟောင်းအား လက်ခံတွေ့ဆုံ
-----------------------------------------------------------------------------
နေပြည်တော် မတ် ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ International  Association of Political Consultants (IAPC)၏ ဥက္ကဌဟောင်းနှင့် RBI Strategies and Research Inc.၏ ဥက္ကဌ ဖြစ်သူ Mr.Rick Ridder အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Credit >> Daw Aung San Su Kyi Offical Page.

 တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား IAPC မှ ၁၉၉၅ခုနှစ်က ချီးမြှင့် ခဲ့သည့် ဒီမိုကရေစီဆုတံဆိပ်


အား IAPC အဖွဲ့အစည်းကိုယ်စား Mr.Rick Ridder မှ ပေးအပ်သည်။

 IAPC အဖွဲ့အစည်းအား ၁၉၆၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဦးတည်ဆောင်ရွက်နေသည့်အဖွဲ့အစည်း ဖြစ်သည်။ ဒီမိုကရေစီထွန်းကားရေး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်ခဲ့ သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ၁၉၈၂ ခုနှစ်မှ စတင်၍ ဒီမိုကရေစီဆုတံဆိပ်ကို ချီးမြှင့်ခဲ့ရာ ပိုလန်နိုင်ငံမှ Mr.Lech Walesa၊ တောင်အာဖရိကနိုင်ငံမှ Mr.Nelson Mandela ကဲ့သို့ ပုဂ္ဂိုလ်များအား ချီးမြှင့်ခဲ့ကြောင်းသိရသည်။

No comments